Thursday, 8 April 2010

ဘ၀အစိတ်အပိုင်းများ_(၇)

  • ခွင့်ပြန်ချိန် .......

  • မိသားစုအားလုံး ကျုပ်ကို ဖော်ရွေစွာ ကြိုဆိုကြတရ်.....။

    ညီ၊ ညီမတွေကလဲ “ ဒါ ဒို့ အစ်ကိုကြီးတဲ့ ”....။

    အစ်ကို၊အစ်မတွေကလဲ “ ငါ့မောင် ငါ့ညီကွတဲ့ ” .....။

    ဦးတွေ အဒေါ်တွေကလဲ “ ငါ့တူကြီးလို့ ” ပြောတရ်.....။

    အဘိုးကခန့်ခန့်ကြီးကြည့်လို့.....။

    အဘွားက မျက်ရည်တွေနဲ့ သားလေးရယ်တဲ့......။

    အဖေ၊ အမေတို့ရဲ့ ပီတိအပြုံးကသားအတွက် အားအင်ဖြစ်စေခဲ့ပါတရ်......။

    ကျေးဇူးတင်ပါတရ်....။

    “ကျနော်ကိုဒီအသက်အရွယ်ထိရောက်အောင်

    ပညာတွေသင်ပေးခဲ့တဲ့အတွက်ပါ ”....။

    မိသားစုအားလုံးကကျုပ်အနားမှာ ....။

    အားလုံးဟာ ကျုပ်ဆန္ဒတွေကိုဖြည့်စီးပေးမဲ့ပုံစံမျိုး.....။

    သူတို့ မစားနိုင်တဲ့ ဟင်းတွေကျုပ်ကိုချက်ကျွေးတရ်.....။

    ကျုပ်အတွက်လဲ ၀ိုင်းစိတ်ပူနေကြတရ်.....။

    ကျုပ်တို့ နယ်မြေက ဆိုးတရ်လေ.....။

    “ရွှေကျင်ကျောက်ကြီး” ဆိုတာ အဖြူရောင်နယ်မြေမှ မဟုတ်သေးတာ......။

    ကျုပ်လွတ်လပ်စွာမနေရပါဘူး.....။ကျုပ်ကျေနပ်ပါတရ်.....။

    အဘိုးက “ သားကြိုးစားကွာ ဘုရားတရားကို မမေ့နဲ့တဲ့ ” ....။

    အဘွားက ကျုပ်ကိုရင်ခွင်မှာ ထည့်ထားတရ်....။

    “ ကျုပ်အတွက် စိတ်ပူမှုတွေ.... ကျုပ်အတွက်ဘုရားမှာအမြဲဆုတောင်းပေးရ

    တာတွေ....အရာရာကို ဂရုစိုက်ဖို့ တတွက်တွက် မှာနေတရ် ”.....။

  • ကျုပ်ပြန်မရ့်ည......

  • အဖေနဲ့ အမေ့ကြား ၀င်အိပ်တရ်......။

    အဖေက ကျုပ်ကို “ လူဆိုတာ ကိုယ့်သမိုင်းကိုယ် ရေးနေကြတာတဲ့

    မိမိသမိုင်းကို ရုပ်ဆိုးအောင်မလုပ်ဖို့ ဆုံးမတရ် ”.....။

    စိတ်ချပါအဖေ အဖေသား လူဆိုးတစ်ယောက် မဟုတ်ပါဘူး။

    အဖေ့စကားတွေက ကျုပ်အတွက် လမ်းညွှန်မှတ်တိုင်တွေပါပဲ.....။

    ကျုပ် ငယ်ငယ်ထဲက လေးစားခဲ့ရတာပါ.......။

    ကျုပ် အားလုံးကို အလွတ်ကျက်ထားတရ်......။

    အဖေ ၀မ်းနည်းနေတဲ့ မျက်နှာ...

    အဖေ ပျော်ရွှင်နေတဲ့ မျက်နှာ...အားလုံးဟာ ပကတိအတိုင်းပါပဲ.....။

    ဘာမှမပြောင်းလဲဘူး.....။ အမေက “ ကျုပ်ကို သိပ်ချစ်တရ်တဲ့ ”...။

    အမေမပြေပါဘူး အမေ့ မျက်လုံးတွေက ကျုပ်ကိုပြောပြနေတရ်လေ.....။

    ကျုပ် အမေ့ရင်ခွင်က ပြန်လည်ထွက်ခွာသွားရအုံးမရ်....။

    နားလည်ပေးပါ အမေ....။

    ကျုပ်မသွားချင်ပါဘူး......။

    အမေ့ရင်ရဲ့ နွေးထွေးမှုကို ကျုပ်ရှာတွေ့ခဲ့တာကြာပါပြီ....။

    ကျုပ်လဲ သိပ်ချစ်တာပေါ့.....။ ကျုပ်ကိုမွေးထားတဲ့ အမေပဲ....။

    ဒါမေမဲ့ ကျုပ် သရုပ်မဆောင်တတ်ပါဘူး...။

    ကျုပ် ရင်ထဲမှာ အဖြူထည်ပါပဲ အမေ......။

    ကျုပ် ရင်ဘတ်၊ ဦးနှောက်ရဲ့ ပထမဆုံးအခန်းမှာ အမေနဲ့အဖေပါပဲ....။

    ကျုပ် တကိုရ်ကောင်းဆန်ပါတရ်.....။ ကျုပ်ကို ကျုပ် မချစ်ပါဘူး......။

    ကျုပ်ချစ်တာ ကျုပ် မိသားစုလေ.....။

    ဒီလိုနဲ့ပဲ အမေ့ရင်က ကျနော် ထပ်ခါတလဲလဲ ထွက်လာနေခဲ့ရပါတရ်......။

  • မောင်ရင်ငတေ

1 comments:

Unknown said...

ငိုတောင် ငိုချင်တယ်

Post a Comment

ကဗျာများ © 2008 Template by:
Tayza Lin