- 15.12.2006 .....
- " မောင်ရင်ငတေ "
ဒီအချိန် စကားလုံးတချို့ ကျုပ်နားထဲရောက်လာတရ်….
“ အမှတ်(…)ခြေမြန်တပ်ရင်း ”တဲ့လား( )…..
ရခိုင်ပြည်နယ်၊ (…..)မြို့မှာရှိတဲ့ တပ်ရင်း တစ်ရင်းလေ….
ကျုပ်နယ်မြေသစ်ကို ခရီးဆက်ရအုံးမှာပေါ့ ……
ရခိုင်သူလေးတွေ ချောလား( )……
ရခိုင်သားတွေကရော ဖော်ရွေကြရဲ့လား( )……
ကျုပ် အပြေးတပိုင်းစဉ်းစားလိုက်တရ် …….
ကျုပ် သတိထားမိချိန်…..
အမေဟာ အရည်ရွမ်းတဲ့ မျက်လုံးအိမ်တစ်ခုကို ပင့်ဆောင်လို့
ကျုပ်ခရီးစဉ် အတွက် စိတ်ဓါတ်ကျနေလေရဲ့……..
“ အဝေးကြီးပဲ သားရယ် ” လို့လဲ တတွက်တွက်ပြောလို့…..
ကျုပ်ကိုလဲ “ ငါ့သားမှ ဟုတ်တော့ရဲ့လား( )…” ဆိုတဲ့
အကြည့်မျိုးနဲ့ ကြည့်နေတရ်…..
သူမွေးထားတဲ့သားကို ဆုံးရှုံးထားတာကြာပြီတဲ့ …. ဟုတ်တာပေါ့
မကြာတော့တဲ့ အချိန်မှာပဲ ကျုပ်အမေ့ရင်ခွင်က ထပ်မံထွက်ခွာ
သွားရအုံးမရ်လေ…. နားလည်ပေးပါအမေ……..
ကျုပ် နှစ်သိပ်စကားမပြောတတ်ပါဘူး………
အမေ့လက်ကို တင်းကြပ်စွာ ဆုတ်ကိုင်ပြီး အမည်မသိတဲ့
အပြုံးတစ်ခုပေးလိုက်တရ်….. အမေကျေနပ်သွားတရ်……
ကျုပ်အရမ်းပျော်တာပေါ့ ……..
အဖေကလဲ ပြောတရ်….. “ မင်းတို့ကို ဒို့မိဘတွေ ပေးနိုင်တဲ့ အမွေက
ဒါပဲ မင်း အကောင်းဆုံးဖြစ်အောင် လှုပ်ရှားတော့တဲ့ ”
0 comments:
Post a Comment