Sunday 6 December 2009
" Blueship morning "
ငါ့ရှုးသွပ်မှု (၁)
    . မှုန်ဝါးဝါး အလင်းရောင်နဲ့ ဆေးရောင်မခြယ်သေးတဲ့ကောင်းကင်
    . လေပြည်ရဲ့တေးသွားအောက် သစ်ပင်တချို့ယိမ်းနွဲ့ကခုန်
    . နိုးထစပြုလာတဲ့ ကမ္ဘာလောကရဲ့ သက်ဝင်လှုပ်ရှားသံ
    . အချက်ပေးနာရီတစ်လုံးက သန်းဝေစွာထအော် ( 53း0 ) တဲ့
    . အိပ်ယာထပ်လူးလဲထ ပုံမှန်တာဝန်တွေက ကျုပ်ကိုနိုးဆော်လို့
    . ကောင်းကင်ကိုမော့ကြည့် တာရာတချို့ရဲ့နောက်ဆုံးထွက်သက်
    " ကျုပ်ထိုင်ကြည့်ပစ်လိုက်တရ် "
    . အရုဏ်ဦးရဲ့ ရောင်စဉ်တန်းတွေကြောင့်လား ( ) ......
    . ကမ္ဘာလောကရဲ့ ရှုပ်ထွေးသံစဉ်တွေကြောင့်လား ( ) .......
    ............. ect ပေါ့။
    . ပျောက်ကွယ်သွားတော့မရ် ကြယ်တာရာ
    . ကျုပ် အံသြတရ် " See you again " တဲ့
    . အကြောင်းပြချက်က ကျုပ်ကိုတုန်လှုပ်စေတရ်
    " ငါတို့ ကျရှုံးခဲ့တာမဟုတ်ဘူး အနာဂတ်အသစ်အတွက် ရင်းနှီးခြင်းပဲ " တဲ့လေ
    ကျေးဇူးတင်ပါတရ်
    မကြာခင် အချိန်မှာ ပြန်ဆုံကြပါစို့ ................။
  • " မောင်ရင်ငတေ "
" ဆည်းဆာ "
ငါ့ရှုးသွပ်မှု (၂)
    . လေပြည်တွေ မြူးထူးတုန်း
    . ကောင်းကင်က ဆေးရောင်ပေါင်းစုံနဲ့
    . ဆောင်းညကိုကြိုဆိုမရ့် မြူနှင်းတွေရဲ့ အငွေ့အသက်
    . တာဝန်ပြီးဆုံးသွားတဲ့ နေမင်းကြီးရဲ့ နောက်ဆုံး အိပ်စက်ချိန်
    . အ၀ါရောင် အတောင်ပဆုံး အနောက်ဘက်မိုးကုတ်စက်ဝိုင်း
    . နှုတ်ဆက်သွားကြတော့မရ့် မှုန်ဝါးဝါး အလင်းရောင်
    . အိပ်တန်းပြန် ကျေးငှက်တွေရဲ့ အသာယာဆုံး တေးသွား
    . အားလုံးဟာ အချန်ကာလတစ်ခုတည်းမှာ
    . မြန်ဆန်လွန်းလှတဲ့ အဖြစ်အပျက်တွေ .......
    . မျက်လုံးအစုံက နေရာပေါင်းစုံကို ပစ်ခက်လို့
    . လက်လှမ်းမှီရာ Screen ဖမ်း
    . ရင်ဘတ်ထဲ Save လုပ်လို့
    . အတွေးတစ်ခုက မင်းကိုလှမ်းခေါ် .........
    . အချိန်ကာလတစ်ခုကို အချစ်တွေနဲ့တည်ဆောက်ကြည့်တရ်
    . အသက်အ၀င်ဆုံး Background Shooting တစ်ခုပါပဲ
    . ညငှက်တချို့ရဲ့ နောက်ခံဂီတ
    . လမင်းကြီးရဲ့ အလိုက်ဖတ်ဆုံး Light Colour ဖန်တီးမှု
    . အချစ်ရဲ့ သင်္ကေတတွေနဲ့ သရုပ်ဆောင်ကြရမရ် မင်းနဲ့ငါ
    . အကောင်းဆုံး ဇာတ်ဝင်ခန်းတွေပါပဲ
    . ရင်ဘတ်တွေ အလုပ်လုပ်နေပြီ
    . လျှပ်တပြတ် ဆွဲငင်အားနဲ့ ၀ုန်းဒိုင်းကျဲသွားတရ်
    . နှလုံးသားချင်း Link ချိတ်လိုက်ပြီပေါ့
  • " မောင်ရင်ငတေ "
" သင်္ကြန် "
ငါ့ရှုးသွပ်မှု (၃)
    . ပိတောက် မပွင့်တဲ့အရပ်မှာ သင်္ကြန်ကျတရ်
    . နာရီတချို့ ငါ့နားထဲ သံစဉ်တွေ ဆူညံလို့
    . လူတချို့ ခုန်ပေါက်မြူးထူးနေ
    . လူတချို့လက်မှိုင်ချလို့
    . အကောင်းဆုံးလို့ ထင်ရတဲ့ ပတ်ဝန်းကျင်မှာ
    . အားလုံးဟာ အရူးတွေလိုပါပဲ
    . ပျော်သလားမေးတော့ ........
    . ပျော်သလိုရှိတရ်တဲ့
    . ငါ့လက်ထဲမှာ ဘောပင်တစ်ချောင်း ကိုင်ထားချိန်
    . လက်နက်တလက် ကိုင်ထားချိန်
    . မင်းလက်ထဲမှာ ပိတောက်ပန်းတွေလား ( ) .......
    . ဖလား တခွက်လား ( ) .........
    . နာရီတချို့ ငါ့တကိုယ်လုံး ရေတွေစိုရွဲလို့
    . လူတွေကြား ကခုန်လို့နေမိလေရဲ့
    . ငါပျော်နေပေမဲ့
    . တချိန်က မင်းရှိတဲ့ ပတ်ဝန်းကျင်လောက် မနှစ်သက်ဘူး
    . သင်္ကြန်ကိုမကြိုပဲ ဖောက်ပြန်စွာ ရွာသွန်းတဲ့
    သင်္ကြန်မိုးတွေကလဲ ငါ့အလုပ်ငါလုပ်တာတဲ့
    . ကျုပ်လဲ ကျုပ်အလုပ် ကျုပ်လုပ်ယုံပေါ့ ( အိပ်စက်ခြင်း )
    . မဖြစ်နိုင်မှု တစ်ခုအတွက်လဲ အချိန်ကုန်ဘူးတရ်
    " ငါ့ ပတ်ဝန်းကျင်မှာ မင်းရှိမနေပါဘူး "
    . ရွှေ့လျားနေတဲ့ ကားတွေပေါ်
    . လှုပ်ရှားနေတဲ လူတွေကြား
    . မင်း ပုံရိပ်တွေ လိုက်ရှာလို့ နေမိလေရဲ့
    " သံယောဇဉ် တစ်ခုရဲ့ မျော်လင့်ချက်တွေက
    လောကကြီးကို လိုသလိုပုံသွင်းနိုင်စွမ်းရှိတရ်လေ "
  • " မောင်ရင်ငတေ "
" ချစ်သူ့တမ်းချင်း "
ငါ့ရှုးသွပ်မှု (၄)
    . ကောင်မလေးရေ .......
    . သတိရမှုတွေ ဝေသီနေပြီ
    . အချစ်ကို မင်းနဲ့အတူ စတင်တွေရှိခဲ့တဲ့နေ့ .........
    . မင်းမှတ်မိသေးလား ( ) ........
    . ကလေးသာသာ အတွေးအခေါ်တွေနဲ့
    အရာအားလုံးကို ကဗျာဆန်တရ်လို့ထင်ခဲ့တာ
    . ဘ၀ဟာ ခက်ပေါ့ပေါ့ ကစားကွင်း တစ်ခုပါပဲ
    . မင်းနဲ့ငါ ပျော်ရွှင်စွာ စော့ကစားခဲ့ကြတရ်
    . အရာအားလုံးကို အချစ်ရဲ့ သင်္ကေတတွေလို့ ထင်ခဲ့ကြတရ်
    . မှုန်ဝါးဝါး အမှတ်တရတွေကို ဘ၀ရဲ့ ကျောက်စာတိုင်တွေလို့ထင်ခဲ့ကြတရ်
    . အချိန်တွေကြာခဲ့ပြီ
    . အတိတ်ရဲ့ အဖြစ်အပျက်တွေက ရာဇ၀င်တစ်ခုလိုပါပဲ
    . နားထောင်ကောင်းယုံ သက်သက်ဖြစ်ခဲ့ပေါ့
    . မင်းရင်ထဲမှာ ရှိကောင်းရှိနေအုံးမရ်
    . ငါရင်ဘတ်ထဲမှာတော့ မင်းအရိပ်တွေ ခိုတွဲနေတုန်း
    . မင်းသိလေမလားကွာ ( ) .......
    .............................................
    . မင်း သိခဲ့တရ် ဆိုရင်လောက်နဲ့တင်
    ငါက သေလို့ရနေပါပြီ ကောင်မလေးရေ ......
    " မောင်ရင်ငတေ "
" ဖြစ်စဉ်ရှင်တမ်း(၁) "
ဖြစ်စဉ်(၁)
    ကျနော် ငယ်ငယ်က .....
    ကျနော် သိတတ်လာတော့ .....
    ကျနော် ကြီးပြင်းလာတော့ .....
    ကျနော် ရင့်ကျက်လာတော့ .....
    အချိန်ကာလတစ်ခုမှာ
    . ငါပျော်ရွှင်ခဲ့တရ်
    . ငါဝမ်းနည်းခဲ့တရ်
    . ငါပင်ပန်းခဲ့တရ်
    . ငါချွေးတွေမြေခခဲ့တရ်
    . ငါအခက်အခဲတွေဖြစ်ခဲ့တရ်
    . ငါ့မောပန်းမှုတွေအစွန်းဆုံးထိရောက်ခဲ့တရ်
    အချိန်ကာလတစ်ခုမှာတော့
    အရာအားလုံးဟာ .....
    . ပုံပြင်တွေဖြစ်ခဲ့တရ်
    . ထူးဆန်းမူတွေဖြစ်သွားတရ်
    . အံသြနေကြတရ်
    . အားလုံးပြုံးနေတရ်
    မှတ်ချက်_ " မဲ့ပြုံး "
  • " မောင်ရင်ငတေ "
" ဖြစ်စဉ်ရှင်တမ်း(၂) "
ဖြစ်စဉ်(၂)
ကမ္ဘာလောကမှာ နေရာလွတ်ဆိုတာ မရှိဘူး
    သက်ရှိဖြစ်ဖြစ် .....
    သက်မဲ့ဖြစ်ဖြစ် .....
    အရာဝတ္ထုဖြစ်ဖြစ် .....
    သေဆုံးသွားခဲ့ရင်
    ပျောက်ကွယ်သွားခဲ့ရင်
    စွန့်လွှတ်လိုက်ရရင်
    သူတို့နဲ့ပတ်သတ်သူတွေ
    ပါးစပ်ဖျားက အဓိပ္ပါယ်တွေ .....
    . သူဟာ ကျမ ဘ၀ပါ
    . သူဟာ ကျုပ်တို့အပေါ်အရမ်းကောင်းခဲ့တရ်
    . သူမရှိရင် ဒို့တွေမနေတတ်တော့ပါဘူး
    စသည်ဖြင့် သူတို့ခံစားမှုတွေ
    . နားထောင်ကောင်းတရ်
    . တကရ်သနားဖို့ကောင်းပါတရ်
    မကြာပါဘူး
    သူနေရာမှာ အခြားအရာတစ်ခုခု ၀င်ရောက်လာတရ်
    အားလုံးမေ့သွားကြပြီ
    တချိန်ကကြွေကွဲဝမ်းနည်းမှုတွေ
    အခုအချိန်မှာတော့ ........
    . ဘာမှအသုံးမကျပါဘူး
    . အရှုပ်အပွေ
    . သူနဲ့ ကျမ ဘာမှမပတ်သတ်ခဲ့ဘူး
    ဒါသူတို့ပြန်သတိရနေကြတာလေ
    အားလုံးဟာ ဟာသပြကွက်တစ်ခုလိုပါပဲ
    မှတ်ချက်_နေရာလွတ်မှာ အစားထိုကြတရ်
    အလိုလိုဝင်ရောက်လာတရ်
  • " မောင်ရင်ငတေ "
" ဖြစ်စဉ်ရှင်တမ်း(၃) "
ဖြစ်စဉ်(၃)
    . လေပြည်လေး တိုက်ခက်နေတရ်
    သစ်ပင်တွေ လှုပ်ရှားသွားတရ်
    ဒီအချိန် .......
    သူပျော်သွားတရ်
    " မင်းအရမ်း ကြင်နာတတ်တာပဲ " တဲ့လေ
    . လေပြင်းလေး တိုက်ခက်နေတရ်
    သစ်ရွက်ကလေးတွေ ကြွေကျသွားတရ်
    ဒီအချိန် ......
    သူပြုံးနေတရ်
    " မင်းသိပ် ကျီစယ်တာပဲ " တဲ့လေ
    . လေထန်လာတရ်
    သစ်ကိုင်းကလေးတွေ ကျိုးပဲ့သွားတရ်
    ဒီအချိန် .........
    သူအံအားသင့်သွားတရ်
    " မင်း သိပ်နောက်တာပဲ " တဲ့လေ
    . မုန်တိုင်းထန်လာတရ်
    သစ်ပင်တွေလဲပြိုသွားတရ်
    ဒီအချိန် ..........
    သူ တင်းမာသွားတရ်
    " မင်းကို အရမ်းမုန်းတရ် " တဲ့လေ
  • " မောင်ရင်ငတေ "
" ဖြစ်စဉ်ရှင်းတမ်း(၄) "
" ဖြစ်စဉ်ရှင်းတမ်း(၅) "
" ချစ်ခြင်း၏ကွဲလွဲချက်များ(၄) "
  • နှောင်းသွားမရ့် အချိန်တွေကို နှမျောစမ်းပါ မိန်းကလေးရယ်
    လူတစ်ယောက်ရဲ့ ရပ်တည်မှုမှာ သမိုင်းဆိုတာရှိတာပဲ
    လှပတဲ့ စာမျက်နှာနဲ့ ခရီးဆက်ကွယ် မှာချင်တရ်
    ငါ ဒီလို တတွတ်တွတ်နဲ့ အာခြောက်အောင်ပြောနေလဲ
    မင်းပြောတဲ့ စကားတစ်ခွန်းကို ကြားယောင်တရ် " ဘာ.... ဘာတဲ့ "
  • အားမပေးလို့ ရှုံးရတရ် မင်းငါ့ကိုအပြစ်တင်တရ်
    ဘာဆိုင်လဲ ကောင်မလေးရယ် ကြိုးစားရမှာ မင်းပါပဲ
    အချစ်တစ်ခုနဲ့ / မင်းအနားမှာ ရပ်ပြီးတော့ အားပေးချင်တရ် ဒါပေမဲ့
    တာဝန်နဲ့ ၀တ္တရားကို မလွန်ဆန်နိုင်တာ စစ်သားဘ၀ပဲ
    ပုခုံးပေါ်က ကြယ်တွေရဲ့ လေးလံတဲ့ တာဝန်နဲ့
    မင်းအနားမှာ ရပ်ပြီးတော့ အားမပေးနိုင်တာ ကျေပါကွယ်။
" ချစ်ခြင်း၏ကွဲလွဲချက်များ(၃) "
  • ကောင်းကင်က တာရာလဲ တချိန်ကတော့ အမှုန်ပါပဲ
    ပွင့်နေတဲ့ ပန်းတွေလဲ အငုံဘ၀က စတာပဲ
    ဧဒင်ရဲ့ ပန်းသီးလဲ အချစ်တစ်ခုကို ရှာတာပဲ
    ဒီလိုဆို အရှုံးတွေနဲ့ မင်း ဘာကြောင့် ရပ်နေမလဲ
    သူ့တာဝန် သူကျေရင် အားလုံးဟာ ပျော်စရာပဲ
  • ငါတို့က လူတွေပဲ ကြိုးစားရင် ဖြစ်နိုင်တရ်
    ငါ ဒီလိုပြောတော့လဲ မင်း ဘာကြောင့် ဂရုမစိုက်တာလဲ
    မင်းထင်ရာ လျှောက်လုပ်ပြီး နောက်ဆုံးတော့ အရှုံးရှုံးတွေထပ်
    မျက်ရည်နဲ့ နောင်တဟာ အလကားပဲ ဆွေးမနေနဲ့
    ရှေ့ဆက်ပြီး လျှောက်ရမရ့် ဘ၀တစ်ခုအတွက် ကြိုးစားပါအမြဲ။
  • ကြိုးစားပါ မိန်းကလေးရယ် လူ့ဘ၀ဟာ ပျော်စရာပဲ
    လောဘသားတွေ ရှာမတွေတဲ့ နေရာလွတ်တွေ တပုံတပင်ပဲ
    မင်းတွေအောင်ရှာပါကွယ် အရာအားလုံး အပေးအယူပဲ
    ကြိုးစားရင် ဖြစ်နိုင်တရ် မင်းရင်က လုံးလနဲ့။
" ချစ်ခြင်း၏ကွဲလွဲချက်များ(၂) "
  • ငါ့ခရီးမှာ ရုန်းမရတဲ့ ကန့်သတ်ချက်တွေ ရှိနေတရ်
    မင်းသိအောင် ပြောချင်ပေမဲ့ ငါ့နှုတ်က ဘရ်ထွက်မလဲ
    သီချင်းတစ်ပုဒ်နဲ့ ပြောလိုက်မရ် ငါ့ကိုတော့ တမျိုးမထင်နဲ့
    " ဘွဲ့မရတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်မရတာ ငါ့ဘ၀ပဲ "
  • ငါ့ဒီလို ပြောတော့လဲ မင်းငါ့ကိုမုန်းမှာပဲ
    မုန်းချင်လဲ မုန်းလိုက်တော့ကွာ ခံစားပစ်မရ် လောကထဲ
    ရင်ထဲက စကားတွေတော့ ပစ်ထုတ်အုံးမရ် ချစ်သူရယ်
    နားလည်တရ် ခံစားတရ် ဖြူစင်တဲ့ အချိန်တွေနဲ့
    ချစ်သူတွေ သက်တမ်းမှာ မင်းစိတ်ညစ်အောင် ဘာလုပ်ဖူးလဲ
  • ငါဒီလို ချစ်ခဲ့လဲ မင်းဇာတ်လမ်းမှာ ဟာသပဲ
    အချစ်တစ်ခုနဲ့ မင်းအနားမှာ ရပ်နေရင်ရနိုင်တရ်
    ဒီလိုဆို ငါ့ဘ၀ကြီး ကျရှုံးသွားမှာ ကျိန်းသေပဲ
    ဒီနေ့ထိ ပြုစုလို့ ပျိုးထောင်တဲ့ မိဘတွေလဲ
    ဘရ်လိုလုပ် စိတ်ကောင်းမလဲ စဉ်းစားပေါ့ မိန်းကလေးရယ်။
" ချစ်ခြင်း၏ကွဲလွဲချက်များ(၁) "
  • ရိုးသားပြီး ကြိုးစားတဲ့ မိန်းကလေးရယ် သိပ်ချစ်တရ်
    မင်းအတွက် ငါဖန်တီးတဲ့ အချစ်စကားဟာ ဒါပထမပဲ
    မင်း ရင်ကို ဂျွန်းထိုးမောက်ခုံ ၀င်ချင်လဲ ၀င်လာလိမ့်မရ်
    ဒါဆိုရင် တောင်းပန်တရ် မိန်းကလေးရယ် စိတ်မဆိုးနဲ့
    မင်းကို ငါချစ်လွန်းလို့ချစ်တရ်လို့ပြောခဲ့တရ်
    ရင်ခုန်သံတူညီလို့ ချစ်သူတွေလဲ ဖြစ်ခဲ့ကြတရ်
    ရှင်သန်မယ့် အနာဂတ်မှာ မင်းလက်ကိုခိုင်ခိုင်တွဲ
    ချစ်သူတွေ သက်တမ်းမှာ ပျော်ရွှင်မယ၊် စိတ်ညစ်မယ၊်
    ပြသနာတွေ တတ်ရင်လဲ မင်းကိုငါ အရှုံးပေးမရ်
    စိတ်ဆိုးရင် လိုက်ချော့မရ် မင်းကျေနပ်ရင် ငါပျော်တရ်။
  • သနပ်ခါးလေး အဖွေးသားနဲ့ ဖြူစင်တဲ့ မိန်းကလေးရယ်
    ဘရ်လိုသော အတားအစီးတွေက မင်းဘ၀ကို ဖြတ်စီးလဲ
    မယုံနိုင်အောင် ပြောင်းလဲမှုနဲ့ ပြန်တွေရတော့ အံသြတရ်
    ဘာတွေလဲ ညာတွေလဲ မင်းကိုငါ မမေးချင်တရ်
    ငါ့ဘာသာ ခေါင်းရှုပ်ခံပြီး အဖြေတစ်ခုကို ရှာကြည့်တရ်
    သေချာတာ တစ်ခုကတော့ မင်းပျော်နေတရ် အရှုံးတွေနဲ့
  • ငါ တစ်ချိန်က ချစ်ခဲ့တာ ကြိုးစားတဲ့ မိန်းကလေးပဲ
    အခုအချိန်မှာ မင်းအခြေနေက ပတ်ပတ်စက်စက် ဘာသာကွဲ
    လောကကို အရှုံးမပေးနဲ့ ငါဒီလို အမြဲပြောလဲ
    မင်းထင်တဲ့ ဒီလူဟာ ပိတ်ပင်တရ် ချုပ်ချယ်တရ်
    ဘရ်ဟုတ်မလဲ ကောင်မလေးရယ် နင်ဟာလေ ငါ့ချစ်သူပဲ။
" ချစ်သူဖတ်ဖို့(၁) "
  • မထူးဆန်းတဲ့ ၀န်းကျင်မှာ မင်းနဲ့ငါ ကြီးပြင်းလာ
    နှစ်ယောက်အတူလက်တွေတွဲ ပျော်ဖူးတဲ့ ကလေးဘ၀အချိန်
    ငါ့ရင်မှာ ဘာမှမရှိ မင်းရှိရင်ပျော်နေမိ
    ငယ်စဉ်အခါ ဒို့ ကစားခဲ့ ဆရာမကြီးလုပ်မရ်တဲ့
    ဒုတ်တစ်ချောင်းနဲ့ မင်းဟန်ပန်
    ကြိမ်းမောင်းကာ ပြောသံလေး
    ဒီဘ၀အထိမမေ့သေးလို့ မင်းရှိရာပြေးလာချင်တရ်
    ခွင့်ပြုပါ ဆရာမရယ်။
  • ဒီလိုနဲ့ ဘ၀ကစ ကျောင်းတော်မှာပျော်မြူးကြ
    မင်းလာမြဲ လမ်းထိပ်မှာ နေ့တိုင်းငါ စောင့်ခဲ့တာ
    ထမင်း တစ်ဘူး နှစ်ယောက်အတူစား
    ဒို့ နှစ်ယောက်ရဲ့နေရက်များ
    အဖြူအစိမ်းနဲ့ မင်းအမူအရာ
    နှလုံးသားမှာ အရိပ်ထင်လာ
    ဒါတွေကို မင်းကမသိ မင်းသိအောင်ပြောချင်မိ
    အို ..... ဆရာမရေ မင်းကိုအရမ်းလွမ်းနေပြီ။
ကဗျာများ © 2008 Template by:
Tayza Lin