Wednesday, 7 April 2010
ဘ၀အစိတ်အပိုင်းများ_(၂)
  • PM-13:00..... (15.12.06)
  • ကြည်း နံပါတ်တစ်ခုကို ပိုင်ဆိုင်ဖို့အတွက်....
    ကျုပ်ရုန်းကန်ခဲ့ရတဲ့ အချိန်တွေမှာ ဒီနေ့ ကျုပ်အပျော်ရွှင်ဆုံးပဲ....
    အသာယာဆုံးတေးသွားတွေကို အခန်းနားမှူးက ရွတ်ဆိုလို့....
    ဗိုလ်လောင်းအမှတ်(...)ဗိုလ်လောင်း ငတေ တဲ့....
    စာအိပ်တလုံး လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့တရ်....
    နှင်းအပ်လွှာကိုထွေးပွေ့ စစ်ရာထူးခန့်ချုပ်ရဲ့ မိန့်ကြားသံတွေနဲ့အတူ
    ကျုပ်ပခုံးပေါ်က တာဝန်တွေရဲ့ တန်ဖိုးကို သိခဲ့ရတရ်....
    ကျုပ် ရင်ဘတ်တွေ အရမ်းလှုပ်ရှားနေပြီ....
    “အခန်းအနားပြီး၏” ခွင့်ပြုမှုနှင့်အတူ.... မဖောက်ရသေးတဲ့ နှင်းအပ်လွှာနဲ့
    မိသားစုရှိရာ ကျုပ်ဟာ အပြေးရောက်သွားခဲ့ပေါ့....
  • " မောင်ရင်ငတေ "
0 comments:
Post a Comment
ကဗျာများ © 2008 Template by:
Tayza Lin