Monday 27 July 2009

" ချစ်သူဆုတောင်း"

*
       အို....ဘုရားသခင်

ငြိမ်းချမ်းမူတွေပေးလှည့်ပါတော့

ချစ်သူ့ မျက်နှာမြင်ရဖို့အတွက် ကူညီလှည့်ပါ ....

အို.... ဘုရားသခင်

ငါ၏ချစ်သူသည် သူ၏နှလုံးသားတွင်

ငါ့ကိုချစ်သော အချစ်များ

ထာဝရကိန်းဝပ်နေအောင် ဆောင်မတော်မူပါ။

* အို.... ဘရားသခင်

ငါ၏ ချစ်သူ၏ နှလုံးသားကို

မပြောင်းလဲနိုင်အောင် ဆောင်မပေးတော်မူပါ။

* အို.... ဘုရားသခင်

ငါ့၏နှလုံးသားတွင် သူ၏ ပုံရိပ်များ

အစဉ်စိုးမိုးနေသည်ဆိုတာ

ချစ်သူသိအောင် ဆောင်မပေးတော်မူပါ။

* အို.... ဘုရားသခင်

ငါ၏ချစ်သူ၏ ငြိမ်းချမ်းသော

အချစ်များကိုသာ

ထာဝရ ပိုင်ဆိုင်ရပါလို၏။

* အို.... ဘုရားသခင်

ငါ၏အချစ်နှင့် သူ၏အချစ်သည်လဲ

ထာဝရ တည်တံ့ရပါလို၏။

* အို.... ဘုရားသခင်

ချစ်ခြင်းများစွာဖြင့်

ကျန်းမာ ပျော်ရွှင်လျှက်ရှိသော

သုခဘုံ မိသားစု ကမ္ဘာလေးကို ဖန်တီးပေးပါလော့။

* အို.... ဘုရားသခင်

ပျော်ရွှင်ခြင်းတွေသာ ဖန်တီးပေးလှည့်ပါ....

ချစ်သူဆီမှအချစ်တွေသာ ယူဆောင်ပေးလှည့်ပါ....

အမုန်းဆိုသည်ကို မည်သိုသောအခါမှ မကြားလို့ပါ.....

ကူညီဆောင်မပေးတော်မူပါ။

* အို.... ဘုရားသခင်

အမုန်းဆိုသော စကားကို တပည့်တော်တို့

နှစ်ယောက်ကြားမှ ပြင်ပ ကမ္ဘာသို့ မကြားရ

မမြင်ရသော နေရာသို့ ယူဆောင်သွားပေးပါ။

* အို.... ဘုရားသခင်

တပည့်တော်၏ ချစ်ခြင်းမေတ္တာအားလုံးကို

အဝေးတနေရာမှ ချစ်သူထဲသို့

ဆောင်ကျဉ်းပေးတော်မူပါ။

* အို.... ဘုရားသခင်

တပည့်တော်၏ ချစ်သူထဲ ကံကောင်းခြင်းတွေသာ

ပေးလှည့််ပါ။

တပည့်တော်ချစ်သူ စိတ်ချမ်းသာစေရန်

ကူညီပေးတော်မူပါ။………

“မိမုန်း ’’

" အမြတ်မရှိ အရင်း "

*
                နှလုံးသား တစ်ခု

အရင်းပြုကာ ... ချစ်ခဲ့မိပါ၏

သစ္စာတရား လက်ကိုင်းထားပြီး

ချစ်ခဲ့မိပါ၏ …….

* ငါ၏ နှလုံးသား

တခြမ်းကို

မင်းလိုရာသုံးဖို့

လမ်းခင်းပေးရမရ် ဆိုရင်တောင်မှ……

ကျန်တဲ့တစ်ခြမ်းနဲ့

မင်းကို ဆက်ချစ်နေဦးမှာပါ

* ချစ်သူ မင်းလိုရာသုံးဖို့

ငါ့နှလုံးသားကို

အရင်းအတိုင်းပဲ ပေးလိုက်ပါရစေတော့ ………

“မိမုန်း ’’

" လွမ်းရပြီ အချိန်ရထားကြီး "

*
                ရာသီတွေ ဘရ်လိုပဲပြောင်းပြောင်း

အချိန်တွေ ဘရ်လိုပဲကုန်ဆုံးကုန်ဆုံး

မျော်လင့်ခြင်းတွေနဲ့

အရောင်မပြောင်းတတ်တဲ့

ငါ့နှလုံးသားက ....

ငါအသက်ရူနေသရွေ့

မင်းကို...

သံယောဇဉ်တွေနဲ့

ချည်နှောင်ထားတဲ့

မင်းရဲ့ ရင်ခုန်သံတွေကို

ငါမျော်လင့်နေခဲ့မိပြီ………

“မိမုန်း ’’

" အဝေးကရင်ခုန်သံ "

*
       ကောင်ကလေးရေ....

နင့်အသံကိုကြားမိပြီး

ငါ့ရဲ့ အကြားအာရုံတွေ

ထိုင်းမှိုင်းကုန်ပြီ…….

* ကောင်စုတ်ကလေးရေ ....

နင့်ရဲ့ အပြုံးချိုချိုကို

မြင်လိုက်ကတည်းက

ငါ့ရဲ့အမြင်လွှာတွေ

မှုန၀ါးကုန်ပြီ……

* သရဲလေးရေ ....

နင်နဲ့စကား ပြောတဲ့

အချိန်တိုင်း

ငါ့ရင်ခုန်သံတွေ

မှားယွင်းကုန်ပြီ ....

* အစုတ်ပလုပ်လေးရေ ....

ငါ့ရင်ခုန်သံကို

နားဆင်ပါ

မင်းရဲ့နှလုံးသားနဲ့ပေါ့ .....

* ကောင်ကလေးရေ ....

ငါ့ရဲ့ရင်ခုန်သံကို

တိုင်းဖို့

နားကြပ်ကလေးတော့ မင်းလိုနေပြီထင်တရ်။

“မိမုန်း ’’

Sunday 26 July 2009

" ငါ့ဖန်တီးခွင့် "

*
          ရေတစ်ခွက်ကိုလှုပ်လိုက်ရင်

အောက်ခြေမှာ အနယ်မှုန့်တွေက

တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်နေရာလုနေကြတရ်

အပေါ်မှာနေရာလွတ်တွေ ရှိနေတာကို

သတိမထားမိကြဘူးလေ

* ဒီနိယာမအတိုင်း ……

အသက်ဝင်နေတဲ့လောက်ကြီးမှာ

လူတွေသတိမထားမိတဲ့ ကွပ်လပ်တွေကို

ငါပိုင်ဆိုင်ရမယ်

ငါဖန်တီးနိုင်ရမယ်

“ မောင်ရင်ငတေ ’’

" ချစ်သူဆန္ဒ "

*
             ကောင်စုတ်မလေးရေ ....

တကရ်လို့များတစ်နေ့နေ့မှာ မင်းဝမ်းနည်းနေခဲ့မရ်ဆိုရင် ....

ငါ့ကိုခေါ်ဖို့မမေ့ပါနဲ့ .........။

မင်းကိုရယ်မောအောင်လုပ်ပေးနိုင်လိမ့်မရ်လို့တော့ ကတိမပေးပါဘူး။

မင်းနဲ့အတူတော့ ငိုကြွေးပေးနိုင်ပါတရ်။ကောင်စုတ်မလေးရေ .......။

* သရဲမလေးရေ ....

တကရ်လို့များတနေ့နေ့မှာ မင်းအဝေးဆုံးကိုပြေးထွက်သွားချင်ခဲ့ရင် ....

ငါ့ကိုခေါ်ဖို့ လုံးဝမမေ့ပါနဲ့ .......။

မင်းကိုထွက်မသွားဖို့တောင်းဆိုမရ်လို့ ငါကတိမမေးပါဘူး။

မင်းနဲ့အတူတူတော့ပြေးထွက်သွားနိုင်ပါတရ်။ သရဲမလေးရေ .........။

* ရုပ်ဆိုးမလေးရေ ....

တကရ်လို့များတနေ့နေ့မှာ မင်းဘရ်သူပြောစကားမှနားမထောင်ချင်ခဲ့ရင် ....

ငါ့ကိုခေါ်ဖို့ လုံးဝမကြောက်ရွှံပါနဲ့ ........။

မင်းရင်ဘတ်ကို ငါဝင်ကြည့်နိုင်မရ်လို့တော့မထင်ပါဘူး။

တကရ်ကိုလုံးဝတိတ်တိတ်ကလေးနေပေးပါမရ်လို့ ကတိပေးပါတရ်။ ရုပ်ဆိုးမလေးရေ.........။

* သူခိုးမလေးရေ .....

တကရ်လို့များတနေ့နေ့မှာ မင်းငါ့ကိုထားသွားချင်ခဲ့တရ်ဆိုရင် ....

ငါ့ကိုအသိပေးဖို့ လုံးသမတွေဝေပါနဲ့ .........။

မင်းကိုထွက်မသွားဖို့ မတားပါဘူးလို့တော့ ငါကတိမပေးနိုင်ပါဘူး။

ဒါပေမဲ့ မင်းကိုတသတ်လုံးချစ်နေမရ်ဆိုတာကိုတော့ ယုံစေချင်ပါတရ်။သူခိုးမလေးရေ ....

* ချစ်သူကောင်မလေးရေ ....

တကရ်လို့များတနေ့နေ့မှာ

မင်း ငါ့ကိုလှမ်းခေါ်တဲ့အခါ ....

ဘာမှမကြားရဘူးဆိုရင်တော့

ငါ့ဆီကိုအမြန်လာတွေ့ပါတော့ .....

ချစ်သူကောင်မလေးရေ ....။

ငါ့ မင်းကိုအရမ်းလိုအပ်နေပြီလေ ....။

"မောင်ရင်ငတေ"

" ဥပဒေချိုးဖောက်သူ "

ကြေးမှုံတမ်းချင်း

*
          ကောင်စုတ်မလေးရေ …..

ငါ့အတွက်ခရီးဆက်ဖို့ ယဉ်တွေမလိုအပ်ပါဘူး

ငါ့ ခြေနှစ်ဖတ်က အမုန်းတွေကိုထမ်းပိုးလို့

မင်းနဲ့ဝေးရာကို ချီတတ်လို့နေခဲ့ပေါ့ …………။

* ကောင်စုတ်မလေးရေ …..

ငါ့အတွက်အသက်ဆက်ဖို့ ဟင်းပွဲရာထောင်မလိုပါဘူး

ငါ့လက်တွေက မုန်းခြင်းလင်္ကာတွေသယ်ဆောင်လို့

ငါ့ ထမင်းနှစ်နပ်အတွက် လုံလောက်တတ်ခဲ့ပြီလေ …………..။

* ကောင်စုတ်မလေးရေ …..

ငါ့အတွက်အရိပ်ခိုဖို့ ခန်းနားတဲ့နန်းတော်ကြီးမလိုအပ်ပါဘူး

ငါ့ အခန်းကျဉ်းလေးကလဲ အမုန်းသံစဉ်တွေထွေးပိုက်လို့

ငါ့ရဲ့အိမ်မက်များအတွက် တတ်ကြွလို့နေလေရဲ့ ……………။

* ကောင်စုတ်မလေးရေ …..

ငါ့ကောင်းကင်သာယာဖို့ ကြယ်စဉ်ထောင်သောင်းမလိုအပ်ပါဘူး

ငါ့မီးအိမ်လေးကလဲ အမုန်းခါးခါးတွေကို ရှာဖွေပေးနိုင်လို့

မင်းအိမ်မက်တွေကို အရုပ်ဆိုးစေနိုင်တာပဲလေ ……….။

* ကောင်စုတ်မလေးရေ …..

ငါ့အတွက်ပန်းပေါင်းတစ်ထောင် မလိုအပ်တော့ပါဘူး

မုန်းစရာအကောင်းဆုံး ကောင်စုတ်မလေးရဲ့ အမုန်းတွေနဲ့တင်

ငါ့ဘ၀တစ်လျှောက်လုံး ပြည့်စုံလုံလောက်နေပြီ မဟုတ်လား ( ) ………။

“ မောင်ရင် ငတေ ”

" အနီရင့်ရောင်တနင်္ဂနွေ "

#
       “ အိုး ……ဘုရားသခင်

အရှင်ဖန်တီးခဲ့သော လောကရဲ့ဒုက္ခများကို ခံယူပါအံ့

တနင်္ဂနွေတစ်နေ့အား အကျွန်သူအား ပေးသနားပါလော …………”


# သက္ကရာဇ်ရဲ့ မြူမှုန့်တစ်စ

မှုန်ဝါးဝါး အမှတ်တရတစ်ခုနဲ့

စတင်ခဲ့သော တနင်္ဂနွေရေ …………..

ငါ့ရင်ဘတ်ကို မင်းလှုပ်နိုးခဲ့ပြီ

ဧဒင်ရဲ့ ပန်းသီတစ်လုံးလား( ) ………

ငါ့ရင်ခွင်ဥယျာဉ်မှာ စိုက်ပျိုးခွင့် ပြုခဲ့ပေါ့

# အချိန်ကာလရဲ့ ခလေးငယ်

ပြယ်လွင့်လွင့် လွမ်းချင်းတွေနဲ့

တမ်းတရသော တနင်္ဂနွေရေ …….

ရင်ခုန်စည်းချက် ဒီနိုးစက်ကြောင့်

ချစ်ခြင်းသစ်ပင် အသက်ဝင်လို့

ဥယျာဉ်ဟောင်းလဲ လန်းဆန်းခဲ့ပြီပေါ့ ….

# ရင်ခုန်သံတိုင်းရဲ့ အုပ်စိုးရာ

ခတ္တလို့မပြော ရင်ခွင်သခင်ကိုဆောင်ကျဉ်းပေးလို့

ဘာအကြောင်းပြချက်မှမလိုဘူးဆိုသော တနင်္ဂနွေရေ ……

လိုသလိုမွှေနှောက် ထင်သလိုစော့ကစား

Virus တစ်ကောင်လို ကြိုက်သလိုစားသုံးလို့

မနှင်ပဲလဲ မင်းပြန်သွားခဲ့ပြီပေါ့ ………

# မျော်လင့်ခဲ့ပြီ တနင်္ဂနွေရေ …….

ခံစားရပေမဲ့ ပျော်ရွှင်နေခဲ့တရ်

နာကျင်နေပေမဲ့ ပြန်လိုချင်မိလို့

ပွန်းပဲ့ခဲ့တဲ့ ရင်ခွင်ပန်းသီး

ရင်ခုန်သံက မင်းကိုတမ်းတလို့

ငိုကြွေးခြင်း မနက်ဖြန်တွေနဲ့

ငါ့ဥယျာဉ်ဟောင်းလဲ ခြောက်သွေ့လို့နေခဲ့ပေါ့ ……..

# “ အိုး ……..ဘုရားသခင်

အရှင်ဖန်တီးခဲ့သော လောကရဲ့ဒုက္ခများကို ခံယူပါအံ့

တနင်္ဂနွေတစ်နေ့အား အကျွန်သူအား ပေးသနားပါလော ………”


“ မောင်ရင် ငတေ ”

"အိမ်မက်"

"လမင်းနှင့်ခါးသီးမှုမှတ်တမ်း"

ကဗျာများ © 2008 Template by:
Tayza Lin