Sunday, 26 July 2009

" အနီရင့်ရောင်တနင်္ဂနွေ "

#
       “ အိုး ……ဘုရားသခင်

အရှင်ဖန်တီးခဲ့သော လောကရဲ့ဒုက္ခများကို ခံယူပါအံ့

တနင်္ဂနွေတစ်နေ့အား အကျွန်သူအား ပေးသနားပါလော …………”


# သက္ကရာဇ်ရဲ့ မြူမှုန့်တစ်စ

မှုန်ဝါးဝါး အမှတ်တရတစ်ခုနဲ့

စတင်ခဲ့သော တနင်္ဂနွေရေ …………..

ငါ့ရင်ဘတ်ကို မင်းလှုပ်နိုးခဲ့ပြီ

ဧဒင်ရဲ့ ပန်းသီတစ်လုံးလား( ) ………

ငါ့ရင်ခွင်ဥယျာဉ်မှာ စိုက်ပျိုးခွင့် ပြုခဲ့ပေါ့

# အချိန်ကာလရဲ့ ခလေးငယ်

ပြယ်လွင့်လွင့် လွမ်းချင်းတွေနဲ့

တမ်းတရသော တနင်္ဂနွေရေ …….

ရင်ခုန်စည်းချက် ဒီနိုးစက်ကြောင့်

ချစ်ခြင်းသစ်ပင် အသက်ဝင်လို့

ဥယျာဉ်ဟောင်းလဲ လန်းဆန်းခဲ့ပြီပေါ့ ….

# ရင်ခုန်သံတိုင်းရဲ့ အုပ်စိုးရာ

ခတ္တလို့မပြော ရင်ခွင်သခင်ကိုဆောင်ကျဉ်းပေးလို့

ဘာအကြောင်းပြချက်မှမလိုဘူးဆိုသော တနင်္ဂနွေရေ ……

လိုသလိုမွှေနှောက် ထင်သလိုစော့ကစား

Virus တစ်ကောင်လို ကြိုက်သလိုစားသုံးလို့

မနှင်ပဲလဲ မင်းပြန်သွားခဲ့ပြီပေါ့ ………

# မျော်လင့်ခဲ့ပြီ တနင်္ဂနွေရေ …….

ခံစားရပေမဲ့ ပျော်ရွှင်နေခဲ့တရ်

နာကျင်နေပေမဲ့ ပြန်လိုချင်မိလို့

ပွန်းပဲ့ခဲ့တဲ့ ရင်ခွင်ပန်းသီး

ရင်ခုန်သံက မင်းကိုတမ်းတလို့

ငိုကြွေးခြင်း မနက်ဖြန်တွေနဲ့

ငါ့ဥယျာဉ်ဟောင်းလဲ ခြောက်သွေ့လို့နေခဲ့ပေါ့ ……..

# “ အိုး ……..ဘုရားသခင်

အရှင်ဖန်တီးခဲ့သော လောကရဲ့ဒုက္ခများကို ခံယူပါအံ့

တနင်္ဂနွေတစ်နေ့အား အကျွန်သူအား ပေးသနားပါလော ………”


“ မောင်ရင် ငတေ ”

0 comments:

Post a Comment

ကဗျာများ © 2008 Template by:
Tayza Lin