Sunday, 26 July 2009

ကြေးမှုံတမ်းချင်း

*
          ကောင်စုတ်မလေးရေ …..

ငါ့အတွက်ခရီးဆက်ဖို့ ယဉ်တွေမလိုအပ်ပါဘူး

ငါ့ ခြေနှစ်ဖတ်က အမုန်းတွေကိုထမ်းပိုးလို့

မင်းနဲ့ဝေးရာကို ချီတတ်လို့နေခဲ့ပေါ့ …………။

* ကောင်စုတ်မလေးရေ …..

ငါ့အတွက်အသက်ဆက်ဖို့ ဟင်းပွဲရာထောင်မလိုပါဘူး

ငါ့လက်တွေက မုန်းခြင်းလင်္ကာတွေသယ်ဆောင်လို့

ငါ့ ထမင်းနှစ်နပ်အတွက် လုံလောက်တတ်ခဲ့ပြီလေ …………..။

* ကောင်စုတ်မလေးရေ …..

ငါ့အတွက်အရိပ်ခိုဖို့ ခန်းနားတဲ့နန်းတော်ကြီးမလိုအပ်ပါဘူး

ငါ့ အခန်းကျဉ်းလေးကလဲ အမုန်းသံစဉ်တွေထွေးပိုက်လို့

ငါ့ရဲ့အိမ်မက်များအတွက် တတ်ကြွလို့နေလေရဲ့ ……………။

* ကောင်စုတ်မလေးရေ …..

ငါ့ကောင်းကင်သာယာဖို့ ကြယ်စဉ်ထောင်သောင်းမလိုအပ်ပါဘူး

ငါ့မီးအိမ်လေးကလဲ အမုန်းခါးခါးတွေကို ရှာဖွေပေးနိုင်လို့

မင်းအိမ်မက်တွေကို အရုပ်ဆိုးစေနိုင်တာပဲလေ ……….။

* ကောင်စုတ်မလေးရေ …..

ငါ့အတွက်ပန်းပေါင်းတစ်ထောင် မလိုအပ်တော့ပါဘူး

မုန်းစရာအကောင်းဆုံး ကောင်စုတ်မလေးရဲ့ အမုန်းတွေနဲ့တင်

ငါ့ဘ၀တစ်လျှောက်လုံး ပြည့်စုံလုံလောက်နေပြီ မဟုတ်လား ( ) ………။

“ မောင်ရင် ငတေ ”

0 comments:

Post a Comment

ကဗျာများ © 2008 Template by:
Tayza Lin