ကောင်ကလေးရေ....
နင့်အသံကိုကြားမိပြီး
ငါ့ရဲ့ အကြားအာရုံတွေ
ထိုင်းမှိုင်းကုန်ပြီ…….
* ကောင်စုတ်ကလေးရေ ....
နင့်ရဲ့ အပြုံးချိုချိုကို
မြင်လိုက်ကတည်းက
ငါ့ရဲ့အမြင်လွှာတွေ
မှုန၀ါးကုန်ပြီ……
* သရဲလေးရေ ....
နင်နဲ့စကား ပြောတဲ့
အချိန်တိုင်း
ငါ့ရင်ခုန်သံတွေ
မှားယွင်းကုန်ပြီ ....
* အစုတ်ပလုပ်လေးရေ ....
ငါ့ရင်ခုန်သံကို
နားဆင်ပါ
မင်းရဲ့နှလုံးသားနဲ့ပေါ့ .....
* ကောင်ကလေးရေ ....
ငါ့ရဲ့ရင်ခုန်သံကို
တိုင်းဖို့
နားကြပ်ကလေးတော့ မင်းလိုနေပြီထင်တရ်။
“မိမုန်း ’’
ဘုရားရှင်
ဆက်သွရ်နိုင်ပါသည်
Calendar
clock
Monday, 27 July 2009
" အဝေးကရင်ခုန်သံ "
*
Labels:
ရင်တွင်းဖြစ်စဉ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment