Sunday 6 December 2009

" ချစ်သူဖတ်ဖို့(၁) "

  • မထူးဆန်းတဲ့ ၀န်းကျင်မှာ မင်းနဲ့ငါ ကြီးပြင်းလာ

    နှစ်ယောက်အတူလက်တွေတွဲ ပျော်ဖူးတဲ့ ကလေးဘ၀အချိန်

    ငါ့ရင်မှာ ဘာမှမရှိ မင်းရှိရင်ပျော်နေမိ

    ငယ်စဉ်အခါ ဒို့ ကစားခဲ့ ဆရာမကြီးလုပ်မရ်တဲ့

    ဒုတ်တစ်ချောင်းနဲ့ မင်းဟန်ပန်

    ကြိမ်းမောင်းကာ ပြောသံလေး

    ဒီဘ၀အထိမမေ့သေးလို့ မင်းရှိရာပြေးလာချင်တရ်

    ခွင့်ပြုပါ ဆရာမရယ်။


  • ဒီလိုနဲ့ ဘ၀ကစ ကျောင်းတော်မှာပျော်မြူးကြ

    မင်းလာမြဲ လမ်းထိပ်မှာ နေ့တိုင်းငါ စောင့်ခဲ့တာ

    ထမင်း တစ်ဘူး နှစ်ယောက်အတူစား

    ဒို့ နှစ်ယောက်ရဲ့နေရက်များ

    အဖြူအစိမ်းနဲ့ မင်းအမူအရာ

    နှလုံးသားမှာ အရိပ်ထင်လာ

    ဒါတွေကို မင်းကမသိ မင်းသိအောင်ပြောချင်မိ

    အို ..... ဆရာမရေ မင်းကိုအရမ်းလွမ်းနေပြီ။

0 comments:

Post a Comment

ကဗျာများ © 2008 Template by:
Tayza Lin